နေပြည်တော်၊ ဖေဖော်ဝါရီ ၁
၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း ရှေ့နေအလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေ (မင်နီမှတ်ချက်) စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားသည့် တရားရေးဝန်ထမ်း (၃) ဦးနှင့် ဥပဒေအရာရှိ (၃) ဦး၊ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားရာတွင် လျှောက်လွှာ ပြည့်စုံသူ (၁၆၆) ဦး၊ စုစုပေါင်း (၁၇၂) ဦးတို့သည် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှု ရုံး၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနခွဲ၏ အမှုလက်ခံဌာန (Intake Counter) တွင် ကြေညာသည့်နေ့မှစ၍ (၂) လအတွင်း အထက်တန်းရှေ့နေလိုင်စင် လာရောက်ထုတ်ယူ နိုင်ကြောင်း ကြေညာအပ်ပါသည်။
စာရင်းအားဖတ်ရှုရန်