၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်းပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ရန် အောက်ဖော်ပြပါ (၃၄၃) ဦး နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ Website  တွင် ၁၅-၁၀-၂၀၂၁ ရက်နေ့စွဲဖြင့် ဝင်ကြေး၊ နှစ်စဥ်ကြေးနှင့် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်‌ခေါင်းများကို ပေးဆောင်ရန် အမည်စာရင်းကြေညာထားသော်လည်း လာရောက်ပေးသွင်းခြင်းမရှိသေးသူ (၃၁) ဦး၊  စုစုပေါင်း (၃၇၄) ဦး၏ အမည်စာရင်းအား ယနေ့ထုတ်ပြန်ထားပါသည်။

 

အခမ်းအနားတက်ရောက်လိုသူများအနေဖြင့် ဝင်ကြေး၊ နှစ်စဥ်ကြေးနှင့် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်‌ခေါင်းများကို ပေးဆောင်ရမည်ဖြစ်ပါသည်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- ကို တရားလွှတ်တော်ရှေ့နေများကောင်စီသို့ သတ်မှတ်သည့်ရက် မတိုင်မီတွင်  ငွေပေးသွင်း ရပါမည်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီသည် ဘဏ်ဝန်ဆောင်မှု အခက်အခဲများကြောင့် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်‌ခေါင်းများ ဝယ်ယူရန် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါ။ သို့ဖြစ်ပါ၍ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းအား မိမိအစီအစဥ်ဖြင့် ဝယ်ယူ ရမည်ဖြစ်ပါသည်။ လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ဝယ်ယူနိုင်ရေးအတွက် အကြောင်းကြားစာ လိုအပ်ပါက ကြေညာသည့်နေ့မှစ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနသို့ လာရောက်ထုတ်ယူနိုင်ပါသည်။

 

အခမ်းအနားတက်ရောက်မည့်သူများသည် ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးမြင့်ထားပြီး ဖြစ်သည့် အထက်တန်းရှေ့နေလိုင်စင်မူရင်း၊ ကျပ်သုံးသောင်းတန်လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ငွေပေးသွင်းထားသည့်ပြေစာ၊ တက်ရောက်ခွင့်ပြုပါရန် လျှောက်လွှာကို ယခုကြေညာချက်ပါပုံစံဖြင့် ကွန်ပျုတာစာစီပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ (၇-၁-၂၀၂၂) ရက် နေ့ နောက်ဆုံးထား၍ လာရောက် အပ်နှံရမည်ဖြစ်ပါသည်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးပေးသွင်းရန်နှင့် လွှတ်တော်ရှေ့နေ တံဆိပ်‌ခေါင်းထမ်းဆောင်ရန် ယခင်ကအမည်ကြေညာခဲ့ရာတွင် ပါဝင်ခဲ့သော်လည်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သူများအနေဖြင့် ယခုအကြိမ်အတွက် ဝင်ကြေးပေးသွင်းရန်နှင့် လွှတ်တော်ရှေ့နေ တံဆိပ်‌ခေါင်း ပေးသွင်း၍ အခမ်းအနားတက်ရောက်ခွင့်ပြုရန် လျှောက်ထားနိုင်ပါသည်။

 

ပြည့်စုံစွာတင်ပြသူများကိုသာ အခမ်းအနားတက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ e-Government ဌာန၏ Zoom Account တွင် တက်ရောက်နိုင်သည့် ကန့်သတ် အရေအတွက်အရ သတ်မှတ်စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသည်။

စာရင်းအားဖတ်ရှုရန်