ဒုတိယမြို့နယ်တရားသူကြီး (တရားရေးဝန်ထမ်းအဆင့် - ၄) ရေးဖြေစာမေးပွဲအောင်မြင်သူများ သတင်းပို့ရမည့်ရက် ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာချက်

နေပြည်တော်၊ ဇွန် ၇

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၃-၆-၂၀၂၁ ရက်နေ့စွဲပါ အမိန့်အမှတ် (၂၂၂/၂၀၂၁) ဖြင့် တရားရေးဝန်ထမ်းအဆင့် - ၄ (ဒုတိယမြို့နယ်တရားသူကြီးအဆင့်) ရာထူးခန့်ထားရေးအတွက် ရေးဖြေ အောင်မြင်သူများကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ယင်းကြေညာချက်တွင်ပါရှိသည့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စီမံရေးရာဌာန၊ စီမံနှင့်ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာ (အရာရှိ) ဌာနသို့ သတင်းပို့ရမည့် ၁၃-၆-၂၀၂၁ ရက်နေ့ (အစား) ၁၁-၆-၂၀၂၁ ရက်သို့ ပြောင်းလဲသတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်