နေပြည်တော်၊ စက်တင်ဘာ ၂၉
အထက်တန်းရှေ့နေလျှောက်ထားသော လျှောက်လွှာပြည့်စုံသူ အောက်ပါအလုပ်သင်ရှေ့နေ (၁၇၅) ဦးတို့သည် ၂၀၂၆ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်မည့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ရမည်ဖြစ်ပါသည်။
(၁၅-၁၀-၂၀၂၆) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” နှင့် အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၁၇၅) ဦးသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။