နေပြည်တော်၊ ဩဂုတ် ၃၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးတွင် Digitalization အသွင်ကူး ပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နည်းပညာသုံး အမှုစီမံခန့်ခွဲမှုစနစ် (Case Management System – CMS) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရှေ့နေရှေ့ရပ်များ/ အမှုတင်သွင်းသူများသည် ၁-၉-၂၀၂၆ ရက်နေ့မှစတင်၍ အဆိုပါစနစ် အတွက် လိုအပ်သည့် ကနဦးအမှုအချက်အလက်များကို သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်၍ တစ်ပါတည်း အမှုလာရောက်တင်သွင်းစဉ် ပူးတွဲတင်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။ ကနဦး အမှု အချက်အလက်များ ဖြည့်စွက်ရမည့်ပုံစံအား ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Website တွင် Download ရယူနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
ဖြည့်သွင်းရမည့် Form