AML/CFT ဆိုင်ရာဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ချဉ်းကပ်စစ်‌ဆေးသည့်လက်စွဲ ပြင်ဆင်ထုတ်ပြန်ကြောင်းကြေညာခြင်း

နေပြည်တော်၊ ဇူလိုင် ၃၀

ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏  AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)  မဟာဗျူဟာအစီအစဉ် ၃.၅.၅ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ချဉ်းကပ်စစ်‌ဆေးသည့်လက်စွဲ” ကို ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ၃၀-၇-၂၀၂၆ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၆၆/၂၀၂၆) ဖြင့် ပြင်ဆင်ထုတ်ပြန်လိုက်သည်။

ဤလက်စွဲသည် ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန (ကြီးကြပ်ရေးအာဏာပိုင်) က ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများကို  AML/CFT ကြပ်မတ်ကွပ်ကဲမှုနှင့် ကြီးကြပ်စစ်ဆေးမှုများအား ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုချဉ်းကပ် စစ်‌ဆေးရာတွင် အသုံးပြုနိုင်ရန်၊ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့်  ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများသည် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) တွင် ၎င်းတို့၏ အခန်းကဏ္ဍကို ပိုမိုသိရှိနားလည်စေရန်၊ ရှေ့နေလုပ်ငန်းကို ကုမ္ပဏီအဖြစ်မှတ်ပုံတင်၍‌ ဆောင်ရွက်နေသူများ၊ ကုမ္ပဏီအဖြစ်မှတ်ပုံမတင်ဘဲ ဆောင်ရွက်နေသည့် တစ်ဦးတည်းသော်လည်းကောင်း၊ စုဖွဲ့၍သော်လည်းကောင်း ဆောင်ရွက်နေသူများက လိုက်နာရမည့်အုပ်ချုပ်မှုနှင့် တာဝန်ဝတ္တရားဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများရေးဆွဲခြင်း၊ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ရာတွင် လမ်းညွှန်အဖြစ် အသုံးပြုနိုင်ရန်ရည်ရွယ်သည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်