နေပြည်တော်၊ ဇွန် ၅
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ၂-၆-၂၀၂၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၁၆/၂၀၂၆ဖြင့် အထက်တန်းရှေ့နေတို့၏အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာနည်းဥပဒေများကိုလည်းကောင်း၊ အမိန့်ကြော်ငြာစာ အမှတ်၊ ၄၁၇/၂၀၂၆ ဖြင့်တရားလွှတ်တော်ရှေ့နေတို့၏ အခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာနည်းဥပဒေများကိုလည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ်၊ ၄၁၈/၂၀၂၆ ဖြင့်လိုင်စင်ရလျှောက်လွှာရေးသူများဆိုင်ရာနည်းဥပဒေများကို လည်းကောင်း ထုတ်ပြန်ထားကြောင်း အသိပေးကြေညာပါသည်။