နေပြည်တော်၊ မေ ၂၅
၂၈-၅-၂၀၂၆ ရက်နေ့သည် “အီဒုလ်အဿွဟာ(ကုရ်ဘာနီအီးဒ်)” နေ့ ဖြစ်သည့်အတွက် အများပြည်သူတို့၏ အလုပ်ပိတ်ရက်ဖြစ်ပါ၍ ၂၈-၅-၂၀၂၆ ရက်နေ့တွင် ကြားနာရန်ချိန်းဆိုထားသည့် တရားမဆိုင်ရာအမှုများကို ရွှေ့ဆိုင်းလိုက်ပါကြောင်းနှင့် ကြားနာမည့်နေ့ရက်ကို ထပ်မံကြော်ငြာပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်