နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းပြီးသူ (၁၇) ဦး၊ ယခင်အခမ်းအနားပျက်ကွက်မှ ပြန်လည်တက်ရောက်ရန် တင်ပြထားသူ (၄) ဦးနှင့် ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းရမည့်သူ (၂၅၀) ဦး စုစုပေါင်း (၂၇၁) ဦး၏ အမည်စာရင်းအား ၂၅-၁-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားခဲ့ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- နှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်း ၃၀၀၀ဝိ/-တန် ဝယ်ယူရန်ငွေ၊ စုစုပေါင်း ၄၅၀၀ဝိ/- ကျပ်တို့ကို တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ငွေစာရင်း / ငွေလွှဲစာရင်း အကောင့်အမည် BAR COUNCIL of MYANMAR @ KBZNPT-1 ၊ အကောင့်အမှတ် 03412603402511301 သို့ သတ်မှတ်သည့်ရက် မတိုင်မီတွင် ငွေပေးသွင်းရန်နှင့် တရားလွှတ်တော်ရှေ့နေများကောင်စီမှ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းများကို ၈-၂-၂၀၂၁ ရက်နေ့ မတိုင်မီတွင် ပြည့်စုံစွာ တင်ပြလာမှသာလျှင် အခမ်းအနားတက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ကြေညာထားခဲ့သော်လည်း တရားလွှတ်တော်ရှေ့နေများကောင်စီက ၅-၂-၂၀၂၁ ရက်စွဲပါ စာအမှတ် ၁-၃/တရစ/နပတ(၃၉၇) နှင့် ၁၆-၂-၂၀၂၁ ရက်စွဲပါ စာအမှတ် ၁-၃/ တရစ/ နပတ(၃၉၈) တို့ဖြင့် အထက်တန်းရှေ့နေ (၂၅၀) ဦးအနက် ငွေပေးသွင်းရန် ကျန်ရှိနေသူများ ရှိနေကြောင်း၊ ၎င်းတို့၏ ဝင်ကြေးပြေစာများ၊ နှစ်စဉ်ကြေးပြေစာများနှင့် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းတို့ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်ဌာနခွဲသို့ ဆောင်ရွက်ပြီးစီးလျှင်ပြီးချင်း ဆောလျင်စွာ ပေးပို့မည်ဖြစ်ကြောင်း ညှိနှိုင်းအကြောင်းကြားလာပါသဖြင့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခြင်း မပြုကြောင်း အသိပေးပါသည်။ ကျင်းပမည့်ရက်အား ထပ်မံ၍ ကြေညာမည်ဖြစ်ပါသည်။