နေပြည်တော်၊ ဇန်နဝါရီ ၂၇
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်ရန် နှစ်အလိုက်လုပ်ငန်းအစီအစဉ်များရေးဆွဲထားသည့် “ ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆) ခုနှစ်” စာအုပ်ကို ထုတ်ပြန်ကြေညာပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ဌာနအသီးသီးနှင့် လက်အောက်ခံတရားရုံးများက ဆောင်ရွက်ကြရမည့် အစီအစဉ်များကိုလည်းကောင်း၊ သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက တာဝန်ခံဆောင်ရွက်ရမည့်အစီအစဉ်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကဆောင်ရွက်သည့် အစီအစဉ်များတွင် သတင်းပို့အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ရမည့်အစီအစဉ်များကိုလည်းကောင်း သိရှိလေ့လာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန်ဖြစ်ပါသည်။
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး
AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆)ခုနှစ်