နေပြည်တော်၊ ဒီဇင်ဘာ ၃
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတက်ရောက်ရန် ကြေညာထားသူများအနက် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၄၀) ဦးသည် အခမ်းအနားတက်ရောက်ရမည်ဖြစ်ပါသည်။
(၁၇-၁၂-၂၀၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၄၀) ဦးသည် (၁၆-၁၂-၂၀၂၅) ရက်နေ့တွင် ပြုလုပ် မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်းကိုလည်းကောင်း၊ (၁၇-၁၂-၂၀၂၅) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကိုလည်းကောင်း လူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားပါသည်။