နေပြည်တော်၊ ဩဂုတ် ၁၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၅-၅-၂၀၂၀ ရက်စွဲပါစာအမှတ် ၁၃၆/စု-၃၅/၂၀၂၀ (လထန) ဖြင့် ထုတ်ပြန်သည့် "ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင်လိုက်နာရန်ကြေညာချက်" နှင့်အတူ ၁၉၇၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကုန်အထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင် ရရှိသူများစာရင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ် www.unionsupreme court. gov.mm တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုဆက်လက်၍ ၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရရှိသူများစာရင်းကို Update ပြုလုပ်၍ ထပ်မံထုတ်ပြန်ပါသည်။
စာရင်းကြည့်ရန်