၂၀၂၅ ခုနှစ်၊ ဧပြီလ အတွင်း ပြုလုပ်မည့် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ တက်ရောက်ရန် ကြေညာခြင်း

နေပြည်တော်၊ မတ် ၂၅

 

၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ အနီးစပ်ဆုံးအခမ်းအနား တက်ရောက်ခွင့်ပြုပါရန် လျှောက်ထားသူ (၄) ဦး၊ အောက်ဖော်ပြပါ ဝင်ကြေး ငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းပြီးသူ (၉) ဦးနှင့် ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းရမည့်သူ (၂၁၂) ဦး  စုစုပေါင်း (၂၂၅) ဦး၏ အမည်စာရင်းအား ယနေ့ထုတ်ပြန်ပါသည်။

 

အခမ်းအနားတက်ရောက်လိုသူများအနေဖြင့် ဝင်ကြေး၊ နှစ်စဥ်ကြေးနှင့် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်‌ခေါင်းများကို ပေးဆောင်ရမည်ဖြစ်ပါသည်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- ကို တရားလွှတ်တော်ရှေ့နေများ ကောင်စီသို့ (၉-၄-၂၀၂၅) ရက်နေ့ မတိုင်မီ ငွေပေးသွင်းရပါမည်။ ထုတ်ပြန်ထားသည့်အမည်စာရင်းအား တရားလွှတ်တော်ရှေ့နေများကောင်စီသို့လည်း ပေးပို့ထားပြီးဖြစ်ပါသည်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီသည် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်‌ခေါင်းများ ဝယ်ယူရန် ဘဏ်ဝန်ဆောင်မှု အခက်အခဲများကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ၍ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းအား မိမိအစီအစဥ်ဖြင့် ဝယ်ယူ ရမည်ဖြစ်ပါသည်။ လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ဝယ်ယူနိုင်ရေးအတွက် အကြောင်းကြားစာလိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနတွင် ထုတ်ယူနိုင်ပါသည်။

 

အခမ်းအနားတက်ရောက်မည့်သူများသည် ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးမြင့်ထားပြီးဖြစ်သည့် အထက်တန်းရှေ့နေလိုင်စင်မူရင်း၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ငွေပေးသွင်းထားသည့်ပြေစာ၊ တက်ရောက် ခွင့်ပြုပါရန် လျှောက်လွှာကို ယခုကြေညာချက်ပါပုံစံဖြင့် ကွန်ပျူတာစာစီပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေး ဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ (၉-၄-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လာရောက်အပ်နှံရမည် ဖြစ်ပါသည်။

 

မှတ်ချက်။      (၁)     ပြည့်စုံစွာတင်ပြသူများကိုသာ အခမ်းအနားတက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

                                                                                                          

(၂)     လိုင်စင်မူရင်းနှင့်အတူ ရက်သတ္တပတ်အတွင်း ရိုက်ကူးထားသော ဓါတ်ပုံ (၃) ပုံတစ်ပါတည်း ယူဆောင်လာရန် ဖြစ်ပါသည်။ ဓါတ်ပုံသည် နောက်ခံ အပြာရောင် (၁ လက်မ x ၁ လက်မခွဲ) ဖြစ်ရမည်-

(က)    အမျိုးသားများသည် ရှပ်အင်္ကျီအဖြူပေါ်တွင် တိုက်ပုံအနက်ဝတ်ဆင်ပြီး ကြယ်သီးအပြည့်အစုံတပ်ရမည်။ ခေါင်းပေါင်း မဝတ်ဆင်ရ။ ရင်ထိုးတံဆိပ် တပ်ဆင်ခြင်း မရှိစေရ။

(ခ)     အမျိုးသမီးများသည် ဆံပင်ထုံးဖွဲ့ထားပြီး အောက်ခံအဖြူရောင်အင်္ကျီပေါ်တွင်‌ အပေါ်ထပ်အနက်ရောင်အင်္ကျီကို လည်ပင်းကြယ်သီးတပ် ဝတ်ဆင်ထားရမည်။ ရင်ထိုးတံဆိပ် တပ်ဆင်ခြင်း မရှိစေရ။

 

အမည်စာရင်းအားကြည့်ရှုရန်