ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ စာရင်းမှ ပြင်သစ်နိုင်ငံသားတစ်ဦးအား ဖယ်ထုတ်ခဲ့သည့် Update စာရင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၇၁၈ ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်  နောက်ဆုံးအခြေအနေကို သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများက အချိန်နှင့်တစ်ပြေးညီဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့်အညီလိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့၏ Website/ Webpage/ Social media  များတွင် (update) လွှင့်တင်ရန်ဖြစ်ပါသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်   ၁၂၆၇ နှင့် ၁၇၁၈ အရ ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေအား ညွှန်းဆိုသည့် Link ကို ၂၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ အရ လူပုဂ္ဂိုလ် (၃) ဦး ထပ်မံထုတ်ပြန်မှုကို ၂၇-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် လွှင့်တင်ထားပြီးဖြစ်ပါသည်။

၂၁-၂-၂၀၂၅ ရက်နေ့တွင်  ပြင်သစ်နိုင်ငံသားတစ်ဦးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ စာရင်းမှဖယ်ထုတ်ခဲ့သည့် Update စာရင်း pdf ဖိုင်နှင့် ဝင်ရောက်ကြည့်ရှုနိုင်သည့်

https://press.un.org/en/2025/sc16003.doc.htm?gl=1*18ixdy6*ga*MTI1Mj%20MzMzk0%20Ni4xNzM xOTk2MjIx*gaTK9BQL5X7Z*MTc0MDQ2ODA4Ny4xMy4xLjE3ND A0NjgwOTguMC4wLjA. website link တို့ကို သိရှိဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာပါသည်။

 

 

ကြီးကြပ်ရေးအာဏာပိုင်

ဖတ်ရှုရန်