နေပြည်တော်၊ ဖေဖော်ဝါရီ ၃
၃၁-၁-၂၀၂၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံးက နိုင်ငံတော်၏လက်ရှိဆောင်ရွက်နေဆဲ လုပ်ငန်းများတွင် လုပ်ငန်းအခြေအနေများအရ၊ နိုင်ငံရေးအခြေအနေအရ အရေးပေါ်ကာလ ထပ်မံသက်တမ်းတိုးရန်အတွက် တညီတညွတ်တည်း ထောက်ခံဆွေးနွေးသဘောတူညီသောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၂-၂၀၂၅ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း” ကြေညာထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆(ခ)၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၃(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ)တို့တွင် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော်အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်ဟု ပြဌာန်းထားပါသည်။
သို့ဖြစ်ပါ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) က “နိုင်ငံတော်တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၂-၂၀၂၅ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာထားသည့်ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆(ခ)၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ ၃(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ) တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်aa