In person – virtual စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

နေပြည်တော်၊ နိုဝင်ဘာ ၁၄

၂၀၂၄ ခုနှစ်၊  နိုဝင်ဘာလအတွင်း In person – virtual  စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၇၀) ဦးသည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။                   

(၂၇-၁၁-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိသူ (၂၇၀) ဦးသည် (၂၆-၁၁-၂၀၂၄) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၂၇-၁၁-၂၀၂၄) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာတို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများကြည့်ရှုရန်