ပြည်ထောင်စုတရားလွှတ်တော်ချုပ် အသိပေးထုတ်ပြန်ကြေညာချက်

‌နေပြည်တော်၊ ဧပြီ ၇

၂၀၂၅ ခုနှစ်၊ မတ် လ ၂၈ ရက်နေ့ ၁၂:၅၁ နာရီအချိန်တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆောက်အအုံတွင် ပျက်စီးမှုများ ဖြစ်ပေါ်၍ ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသဖြင့် ၂၉-၃-၂၀၂၅ ရက်နေ့၊ ၃၁-၃-၂၀၂၅ ရက်နေ့နှင့် ၁-၄-၂ဝ၂၅ ရက်နေ့တို့တွင် ကြားနာရန် ကြိုတင်သတိပေးအမှုခေါ်စာရင်း ထုတ်ပြန်ထားသည့် ရာဇဝတ်ဆိုင်ရာနှင့် တရားမဆိုင်ရာအမှုများကို ၂၃-၄-၂ဝ၂၅ ရက်နေ့၊ ၂၄-၄-၂ဝ၂၅ ရက်နေ့၊ ၂၅-၄-၂၀၂၅ ရက်နေ့တို့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး (၀၆၇-၄၅၁၀၂၄၂) တွင် ပြန်လည်ကြားနာသွားမည် ဖြစ်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည့်အမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏အမှုလက်ခံကောင်တာတွင် ယခင်အတိုင်း လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကြိုတင်သတိပေးအမှုခေါ်စာရင်းနှင့် ရုံးခန်းတွင်းဆောင်ရွက်ချက်၊ ရုံးထိုင်ဆောင်ရွက်ချက်များကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ ကြော်ငြာသင်ပုန်းများတွင် ကြည့်ရှုနိုင်ကြောင်း အသိပေးကြေညာလိုက်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ကြေညာချက်အားဖတ်ရှုရန်