နေပြည်တော်၊ စက်တင်ဘာ ၅
၁၀-၈-၂၀၂၄ ရက်နှင့် ၁၁-၈-၂၀၂၄ ရက်များတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယမြို့နယ်တရားသူကြီးများ (တရားရေးဝန်ထမ်းအဆင့်-၄) ရေးဖြေစာမေးပွဲ အောင်မြင်သူများအမည်စာရင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ နေ့စွဲပါ အမိန့်အမှတ် (၇၃၁/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာလိုက်ပါသည်။