ရှေ့နေလိုင်စင်လျှောက်ထားခြင်းကိစ္စများ ကြေညာချက်

နေပြည်တော်၊ သြဂုတ် ၇

 

ရှေ့နေအလုပ်သင်၊ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေလိုင်စင်များ လျှောက်ထားရာတွင် လိုအပ်သော အချက်များ၊ အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် မင်နီမှတ်ချက်ပြု အထက်တန်းရှေ့နေလိုင်စင် လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေများ၏ နှစ်လွန်သက်တမ်းတိုး လျှောက်ထားခြင်း၊ လိုက်ပါခွင့်ရအထက်တန်းရှေ့နေလိုင်စင်မှ မင်နီမှတ်ချက်ပြုလိုင်စင်သို့ လျှောက်ထားခြင်း၊ မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေလိုင်စင်မှ လိုက်ပါခွင့်ရ လိုင်စင်သို့ လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများ၏ လိုင်စင်မိတ္တူ လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့်တရားလွှတ်တော်ရှေ့နေများ၏ လိုင်စင်များအား ပြန်လည်အပ်နှံခြင်း၊ တရားလွှတ်တော်ရှေ့နေလိုင်စင်ရရှိထားသည့် အငြိမ်းစား ဝန်ထမ်းများက အမှုလိုက်ပါဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများ၏ အပ်နှံထားသောလိုင်စင်ကို ပြန်လည် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားခြင်း စသည့်ကိစ္စများတွင် လိုအပ်သောအချက်များနှင့် လျှောက်လွှာပုံစံများကို ရှေ့နေရှေ့ရပ်ကဏ္ဍ၏ ကြေညာချက် ခေါင်းစဉ်ခွဲတွင် ဖော်ပြထားပါသည်။ အဆိုပါ ကြေညာချက်များအတိုင်း ၈-၈-၂၀၂၄ ရက်နေ့မှစ၍ လိုက်နာဆောင်ရွက်ကြရန်ဖြစ်ပါသည်။

 

 

ရှေ့နေရှေ့ရပ်ကဏ္ဍ၏ ကြေညာချက်အား ကြည့်ရှုရန်

  

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး