နေပြည်တော်၊ သြဂုတ် ၁
၃၁-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်ရန် သဘောတူညီဆုံးဖြတ်ပြီးဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆(ခ)၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာဥပဒေ ပုဒ်မ ၃(ခ)၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ)တို့တွင် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်ဟု ပြဌာန်းထားပါသည်။
သို့ဖြစ်ပါ၍ ၃၁-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၄) တွင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အနေဖြင့်လည်း နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရ အရေးပေါ်ကာလကို နောက်ထပ် ၆ လ ထပ်မံ သက်တမ်းတိုးမြှင့်ရန် သဘောတူညီဆုံးဖြတ်ပြီးဖြစ်သောကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ “နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ၁-၈-၂၀၂၄ ရက်မှစပြီး နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာထားသည့်ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၆ (ခ)၊ စာချွန်တော် အမိန့်လျှောက်ထား မှုဆိုင်ရာဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ) တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာအပ် ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်aa
ကြေညာချက်ဖတ်ရှုရန်