Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

နေပြည်တော်၊  ဧပြီ  ၃

၂၀၂၄ ခုနှစ်၊ ဧပြီလ အတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၄၉) ဦးသည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။                   

(၁၁-၄-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့် ရရှိသူ (၂၄၉) ဦးသည် (၁၀-၄-၂၀၂၄) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၁၁-၄-၂၀၂၄) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။

အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာ တို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

ကြေညာချက်အားဖတ်ရှုရန်