နေပြည်တော် စက်တင်ဘာ ၃
Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များအရ Coronavirus Disease 2019 (COVID-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရန်အတွက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားနှင့် ၁၁-၉-၂၀၂၀ ရက်နေ့တွင် နောက်ဆုံးထား၍ တရားလွှတ်တော် ရှေ့နေများကောင်စီသို့ ပေးသွင်းရမည့် ဝင်ကြေးနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်း ၃၀၀၀ဝိ/-ကျပ်တန်ပေးသွင်းရန် ကြေညာထားသည့်ကိစ္စရပ် များကို ခေတ္တရွှေ့ဆိုင်းထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ပေးသွင်းရမည့် ဝင်ကြေးနှင့် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ၃၀၀၀ဝိ/- ကျပ်တန် ပေးသွင်းထားပြီးသူများအနေဖြင့်လည်း တရားလွှတ်တော်ရှေ့နေ လိုင်စင်မရမီအချိန်ထိ လူကြီးမင်းတို့၏ အထက်တန်းရှေ့နေလိုင်စင်များကို သက်တမ်းတိုးမြှင့်ထားရမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားနှင့် ၁၁-၉-၂၀၂၀ ရက်နေ့တွင် နောက်ဆုံးထား၍ တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ပေးသွင်းရမည့်ဝင်ကြေးနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းပေးသွင်းရန် နေ့ရက်များကို ထပ်မံကြေညာပေးမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
(ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန)
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး