စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်

နေပြည်တော်၊ ဖေဖော်ဝါရီ  

၃၁-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏  သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ  “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို  နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း”  ကြေညာထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆(ခ)၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ) တို့တွင် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည် ဟု ပြဌာန်းထားပါသည်။

သို့ဖြစ်ပါ၍ ၃၁-၁-၂၀၂၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရ  နိုင်ငံတော်အား အရေးပေါ်အခြေအနေကို ၆ လ တိုးမြှင့် သတ်မှတ်ကြောင်း ကြေညာထားသည့်ကာလအတွင်း  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆(ခ)၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၁၆ (ခ) တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားချက်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်aa

Download