နေပြည်တော်၊ ဒီဇင်ဘာ ၁၅
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၁၀) ဦးသည် အခမ်းအနားတက်ရောက်ရမည်ဖြစ်ပါသည်။
(၂၂-၁၂-၂၀၂၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၂၁၀) ဦးသည် (၂၁-၁၂-၂၀၂၃) ရက်နေ့တွင် အစမ်းလေ့ကျင့်ခြင်းအခမ်းအနားနှင့် (၂၂-၁၂-၂၀၂၃) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားတို့ကို တက်ရောက်ရမည်ဖြစ်ပါသည်။
အခမ်းအနားနှင့်ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာတို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် ပူးတွဲပါစည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။
ကြေညာချက်အားဖတ်ရှုရန်