နေပြည်တော်၊ စက်တင်ဘာ ၂၆
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၂၅-၅-၂၀၂၀ ရက်စွဲပါစာအမှတ် ၁၃၆/စု-၃၅/၂၀၂၀ (လထန) ဖြင့် ထုတ်ပြန်သည့် "ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေ (၁၈၇၂ ခုနှစ်) အရ ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် ထိမ်းမြားခြင်းဆောင်ရွက်ရာတွင်လိုက်နာရန်ကြေညာချက်" နှင့်အတူ ၁၉၇၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ မေလအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရရှိသူများစာရင်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ဝက်ဘ်ဆိုဒ် www.unionsupremecourt.gov.mm တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
ယခုဆက်လက်၍ ၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရရှိထားသူများ ထိမ်းမြားခြင်းဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များအား ၁၈၇၂ ခုနှစ်၊ ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာအက်ဥပဒေအရ ၁၉၇၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ထိမ်းမြားပေးနိုင်ခွင့်လိုင်စင်ရရှိထားသူများစာရင်းနှင့်အတူ Update ပြုလုပ်၍ ထပ်မံထုတ်ပြန်ပါသည်။