ရွေးချယ်ထားသော စာချွန်‌တော်လျှောက်ထားမှုကနဦးအမိန့်များ (၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ) စာအုပ် ဝယ်ယူရရှိနိုင်ကြောင်း ကြေညာခြင်း

နေပြည်တော် ၊ စက်တင်ဘာ ၈

ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်က ထုတ်ဝေသည့် ရွေးချယ်ထားသော စာချွန်တော်လျှောက်ထားမှု ကနဦးအမိန့်များ (၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ထိ) စာအုပ်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

ပြည်ထောင်စုတရားလွှတ်‌တော်ချုပ် စတင်ဖွဲ့စည်းချိန်မှစ၍ ဆယ်စုနှစ်တစ်ခုတာကာလအတွင်း စီရင်ဆုံးဖြတ်ခဲ့သော စာချွန်တော်လျှောက်ထားမှုဆိုင်ရာ ကနဦးအမိန့်များကိုစိစစ်ရွေးချယ်၍ ထုတ်ဝေခြင်းဖြစ်ပြီး အများပြည်သူများ၏အသိအမြင်ကို မြှင့်တင်ပေးရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါသည်။

          

ယခုထုတ်ဝေသည့်စာအုပ်တွင်  စာချွန်တော်ဆိုင်ရာ ရာဇဝတ်/တရားမအထွေထွေလျှောက်ထားမှုများမှ စုစုပေါင်း ၁၂၉ မှုကို စိစစ်ရွေးချယ်၍ ပြုစုထားပါသည်။ စာချွန်တော်လျှောက်ထားမှုများနှင့်စပ်လျဉ်းသည့် ကာလစည်းကမ်းသတ်ပြဿနာ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေဆိုင်ရာ ပြဿနာများ၊ တရားမ၊ ရာဇဝတ်ဆိုင်ရာအမှုများနှင့်စပ်လျဉ်းသည့် ဥပဒေပြဿနာများအပါအဝင် ဌာနဆိုင်ရာများအပေါ် လျှောက်ထားမှုများ၊ စာချွန်တော်နည်းဥပဒေနှင့် ညီညွတ်မှုမရှိသည့် လျှောက်ထားမှုများအပေါ် ဆုံးဖြတ်ချက်များစသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်ပါသည်။

ဝယ်ယူလိုပါက ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၊ စာချွန်တော်ဌာနနှင့် တရားရုံးအသီးသီးတွင် ၁ အုပ် လျှင် ၂၀၀၀၀/- နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။