နေပြည်တော်၊ စက်တင်ဘာ ၅
၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် အောက်ဖော်ပြပါ ဝင်ကြေးငွေသွင်းပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်း ပေးသွင်းပြီးသူ (၂၁) ဦး၊ အနီးစပ်ဆုံးအခမ်းအနား တက်ရောက်ခွင့်ပြုပါရန် လျှောက်ထားသူ (၁၀) ဦးနှင့် ဝင်ကြေးငွေသွင်း ပြေစာ၊ ကျပ်သုံးသောင်းတန် လွှတ်တော် ရှေ့နေတံဆိပ်ခေါင်း ပေးသွင်း ရမည့်သူ (၃၆၅) ဦး၊ စုစုပေါင်း (၃၉၆) ဦး ၏ အမည်စာရင်းအား ယနေ့ထုတ်ပြန်ပါသည်။
အခမ်းအနားတက်ရောက်လိုသူများအနေဖြင့် ဝင်ကြေး၊ နှစ်စဥ်ကြေးနှင့် ကျပ် သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းများကို ပေးဆောင်ရမည်ဖြစ်ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီ ဝင်ကြေးငွေကျပ် ၁၀၀၀ဝိ/-၊ နှစ်စဥ်ကြေး ငွေကျပ် ၅၀၀ဝိ/- ကို တရားလွှတ်တော်ရှေ့နေများကောင်စီသို့ (၂၉-၉-၂၀၂၃) ရက်နေ့ မတိုင်မီ ငွေပေးသွင်းရပါမည်။ ထုတ်ပြန်ထားသည့်အမည်စာရင်းအား တရားလွှတ်တော်ရှေ့နေများကောင်စီ သို့လည်း ပေးပို့ထားပြီးဖြစ်ပါသည်။
တရားလွှတ်တော်ရှေ့နေများကောင်စီသည် ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းများ ဝယ်ယူရန် ဘဏ်ဝန်ဆောင်မှု အခက်အခဲများကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ၍ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေတံဆိပ်ခေါင်းအား မိမိအစီအစဥ်ဖြင့် ဝယ်ယူရမည်ဖြစ်ပါသည်။ လွှတ်တော်ရှေ့နေတံဆိပ်ခေါင်း ဝယ်ယူနိုင်ရေးအတွက် အကြောင်းကြားစာ လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနတွင် ထုတ်ယူနိုင်ပါသည်။
အခမ်းအနားတက်ရောက်မည့်သူများသည် ၂၀၂၃ ခုနှစ်အထိ သက်တမ်းတိုးမြင့် ထားပြီးဖြစ်သည့် အထက်တန်းရှေ့နေလိုင်စင်မူရင်း၊ ကျပ်သုံးသောင်းတန် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီသို့ ငွေပေးသွင်းထားသည့်ပြေစာ၊ တက်ရောက်ခွင့်ပြုပါရန် လျှောက်လွှာကို ယခုကြေညာချက်ပါပုံစံဖြင့် ကွန်ပျူတာစာစီပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနသို့ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ (၂၉-၉-၂၀၂၃) ရက်နေ့ နောက်ဆုံးထား၍ လာရောက်အပ်နှံရမည် ဖြစ်ပါသည်။
မှတ်ချက်။ ပြည့်စုံစွာတင်ပြသူများကိုသာ အခမ်းအနားတက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။