စာချွန်တော်လျှောက်ထားချက်များကို ရပ်ဆိုင်းထားကြောင်း ကြေညာချက်

နေပြည်တော်၊ သြဂုတ်  

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၃၁-၇-၂၀၂၃ ရက်စွဲပါ ကြေညာချက် အမှတ် ၂/၂၀၂၃ဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့မှစ၍ နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ကြေညာထားပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၂၉၆(ခ)၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ)တို့တွင် နိုင်ငံတော် အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့် ဒေသတွင် စာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည် ဟု ပြဌာန်းထား ပါသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏   ၁-၂-၂၀၂၃ ရက်စွဲပါ ကြေညာချက် အမှတ် ၁/၂၀၂၃  ဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ  ကြေညာထားသည့်ကာလ အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ (၆)လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာခဲ့ သဖြင့် ထိုကာလအတွင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားချက် များကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ပါသည်။          

သို့ဖြစ်ပါ၍ ၃၁-၇-၂၀၂၃ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက   ကြေညာချက်အမှတ် ၂/၂၀၂၃  ဖြင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကို (၆)လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာထားသည့်ကာလအတွင်း  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆(ခ)၊ စာချွန်တော်အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရား စီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ) တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားချက်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

 

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်a

Download