စေ့စပ်ဖြေရှင်း‌ရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ စာအုပ်အား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေခြင်း

နေပြည်တော် ဇူလိုင် ၆

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံအတွင်း စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ် ဆောင်ရွက်သူအားလုံးက လေးစားလိုက်နာရမည့် “စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ” ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၀၇ /၂၀၂၃ ဖြင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

စေ့စပ်ဖြေရှင်းပေးသူတို့၏ ကျင့်ဝတ်လိုက်နာမှုသည် ထိရောက်သော စေ့စပ်ဖြေရှင်းရေးစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးကို အထောက်အကူဖြစ်စေမည့်အပြင် စေ့စပ်ဖြေရှင်းရေးစနစ်အပေါ် အများပြည်သူတို့၏ ယုံကြည်ကိုးစားမှုအတွက်လည်း အထောက်အပံ့ဖြစ်စေမည် ဖြစ်ပါ သည်။

သို့ဖြစ်၍ စေ့စပ်ဖြေရှင်းရေးလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် မိမိတို့လေးစားလိုက်နာရမည့် ကျင့်ဝတ်များကို လေ့လာသိရှိနိုင်စေရန်ရည်ရွယ်လျက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “စေ့စပ်ဖြေရှင်းရေးအရာရှိများအတွက် ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ”  စာအုပ်အား မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေလိုက်ပါသည်။

ဆက်လက်ဖတ်ရှုရန်