ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး AML/ CFT ဆိုင်ရာ Offsite စစ်တမ်းလွှာဖြေဆိုရန် ကြေညာချက်

နေပြည်တော်၊ ဇွန် ၂၂

၁။   ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသည် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြေညာချက်များကို ၁၈-၁၂-၂၀၁၉ ရက်စွဲ     ဖြင့်လည်းကောင်း၊ ၃၀-၉-၂၀၂၂ ရက်စွဲဖြင့်လည်းကောင်း အသီးသီးထုတ်ပြန်ထားပြီးဖြစ်ပါသည်။

၂။       ကြီးကြပ်ရေးအာဏာပိုင်၏ ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်ကို လုပ်ငန်းခွင်ပြင်ပစစ်ဆေးခြင်းဆောင်ရွက်နိုင်ရန်အတွက် AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို အောက်ပါအတိုင်း ဖြေဆိုတင်ပြကြပါရန် အသိပေးကြေညာအပ်ပါသည်။

(က)    အထက်တန်းရှေ့နေများ

-        သက်ဆိုင်ရာနှစ်အလိုက် သက်တမ်းတိုးလျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲတင်ပြရန်၊

-        တရားလွှတ်တော်ရှေ့နေ လျှောက်ထားရာတွင် ပြည့်စုံစွာဖြေဆိုထားသော AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို မပျက်မကွက်ပူးတွဲ တင်ပြရန်၊

(ခ)     တရားလွှတ်တော်ရှေ့နေများ

တရားလွှတ်တော်ရှေ့နေများသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို  ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး  နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေးအာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address; LIDP@usc.gov.mm သို့ ကြိုတင်ပေးပို့ရန်

(ဂ)     နိုတြီပဗ္ဗလစ်များ

နိုတြီပဗ္ဗလစ်များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို  ပြည့်စုံမှန်ကန်စွာ ဖြေဆိုပြီး  နှစ်စဉ်ဇန်နဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက်ပေးပို့တင်ပြရန် နှင့် Email Address;  LIDP@usc.gov.mm သို့ ကြိုတင်ပေးပို့ရန်

(ဃ)    Law Firm များ

Law Firm များသည် သက်ဆိုင်ရာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍  AML/CFT ဆိုင်ရာ  Offsite စစ်တမ်းလွှာကို  အကောင်အထည်ဖော်ရေးအရာရှိက ပြည့်စုံမှန်ကန်စွာဖြေဆိုပြီး  နှစ်စဉ်ဇန်နဝါရီလ  ၁၅ ရက်နေ့ နောက်ဆုံးထား၍ ကြီးကြပ်ရေး အာဏာပိုင် (ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာတိုက်မှလည်းကောင်း၊ အမြန်ချောပို့ဖြင့်လည်းကောင်း မပျက်မကွက် ပေးပို့တင်ပြရန်နှင့် Email Address; LIDP@usc.gov.mm သို့ ကြိုတင်ပေးပို့ရန်

၃။                မေးမြန်းလိုသည့်အချက်အလက်များရှိပါက LIDP@usc.gov.mm သို့ လည်းကောင်း၊ ဖုန်းနံပါတ် ၀၆၇၃၄၃၀၄၂၄ နှင့် ၀၆၇၃၄၃၀၃၃၀ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

 

                                                                      ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန

                                                                       ပြည်ထောင်စုတရားလွှတ်တော်ချုပ်