တရားမအထူးအယူခံမှုစီရင်ချက်များ (၂၀၁၁ ခုနှစ် - ၂၀၂၁ ခုနှစ်) ပထမတွဲ (အမွေမှုများ) စာအုပ် ဝယ်ယူရရှိနိုင်ကြောင်းကြေညာခြင်း

နေပြည်တော်၊ မေ ၁၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဝေသည့် “ တရားမအထူးအယူခံမှုစီရင်ချက်များ (၂၀၁၁ ခုနှစ်-၂၀၂၁ ခုနှစ်) ပထမတွဲ (အမွေမှုများ) ” စာအုပ်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီရင်ဆုံးဖြတ်ခဲ့သော တရားမအထူးအယူခံမှုစီရင်ချက်များကို အကြောင်းအရာအလိုက် စုစည်းထုတ်ဝေသွားမည်ဖြစ်ရာ ယခုထုတ်ဝေသော တရားမအထူးအယူခံမှုစီရင်ချက်များ ပထမတွဲ (အမွေမှုများ) စာအုပ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း စီရင်ဆုံးဖြတ်ခဲ့သော အမွေမှုများနှင့်စပ်လျဉ်းသော  မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်သက်ဆိုင်သည့် စီရင်ဆုံးဖြတ်ချက်များသာမက ခရစ်ယာန်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ၊ အစ္စလာမ်ဘာသာဝင်များ၏အမွေဆက်ခံရေးနှင့်စပ်လျဉ်းသည့် စီရင်ဆုံးဖြတ်ချက်များ၊ ကာလစည်းကမ်းသတ်၊ မိသားစုစီမံမှု၊ ပဏာမဒီကရီ၊ အပြီးသတ်ဒီကရီ၊ တရားဝင်ကိုယ်စားလှယ်၊ ပေးကမ်းခြင်း စသည့်အမွေမှုတွင် အဓိကအားဖြင့် အဆုံးအဖြတ်ပြုရန် ပေါ်ပေါက်သောပြဿနာများနှင့်သက်ဆိုင်သည့် အထူးအယူခံမှုစီရင်ချက်များကို အကြောင်းအရာကဏ္ဍအလိုက် စုစည်းထားပါသည်။

ဝယ်ယူလိုပါက ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ တရားမတရားစီရင်ရေးဌာန၊ အမှုလက်ခံကောင်တာနှင့် တရားရုံးအသီးသီးတွင် (၁) အုပ်လျှင် ကျပ် ၂၅၀၀၀/-(နှစ်သောင်း ငါးထောင်ကျပ်) နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။