နေပြည်တော် ဇူလိုင် ၁၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်းလျက် Nishimura & Asahi Law Firm ၏ ပညာရပ်ပိုင်းဆိုင်ရာ အကူအညီဖြင့် ရေးသားပြုစုထားသော " အပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို ဉပဒေရှုဒေါင့်မှ လေ့လာခြင်းစာအုပ် " အား အများပြည်သူ ဖတ်ရှုလေ့လာနိုင်ပါရန် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖော်ပြအပ်ပါသည်။
ယင်းစာအုပ်၏ Hard Copy အား ရယူလိုသည့် အစိုးရအဖွဲ့အစည်းများနှင့် တက္ကသိုလ်များအနေဖြင့် ညွှန်ကြားရေးမှူး၊ ဉပဒေလုပ်ထုံးလုပ်နည်းဌာန၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးသို့ လိပ်မူလျက် သက်ဆိုင်ရာဌာန အကြီးအကဲ၏ မေတ္တာရပ်ခံစာဖြင့် ဆက်သွယ်နိုင်ပါသည်။