နေပြည်တော်၊ မတ် ၂၈
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဝေသော တရားရေးဂျာနယ် အတွဲ(၄)၊ အမှတ်(၁) ကို ယနေ့မှစ၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားရေးဂျာနယ်ကို နှစ်စဉ်ထုတ်ဝေလျှက်ရှိပြီး ဥပဒေဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများသာမက အများပြည်သူအသိပညာပေးရေးအတွက်ပါ ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါသည်။ ဤဂျာနယ်တွင် သတင်းမှတ်တမ်းဓာတ်ပုံများ၊ ကဗျာကဏ္ဍ၊ အကြီးအကဲများ၏လမ်းညွှန်ချက်များ၊ ဥပဒေဆောင်းပါးများ၊ တရားရုံးဝန်ဆောင်မှုနှင့် နည်းပညာအသုံးပြုမှုတို့ဖြင့် တရားစီရင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများ၊ ( ၂၀၂၃ - ၂၀၂၈ ) တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း(အကျဉ်းချုပ်)၊ ရှေ့နေရှေ့ရပ်များနှင့်စပ်လျဉ်းသည့်ကြေညာချက်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရမှတ်ပုံတင်မည့် အသင်းအဖွဲ့များက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ထောက်ခံချက်လျှောက်ထားရာတွင် လိုက်နာရန်ကြော်ငြာချက်နှင့် သုတမှတ်စုဆောင်းပါးများစသည်ဖြင့် ကဏ္ဍစုံ၊ အကြောင်းအရာစုံ စုစည်းဖော်ပြထားပါသည်။
ဝယ်ယူလိုပါက ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ အမှုလက်ခံကောင်တာနှင့် တရားရုံးအသီးသီးတွင် (၁) အုပ်လျှင် ( ၈၅၀ဝိ/- ) နှုံးဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။