အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်မည့်အသင်းအဖွဲ့များက ထောက်ခံချက်လျှောက်ထားရာတွင် လိုက်နာရန်ကိစ္စ

နေပြည်တော်၊ ဇန်နဝါရီ ၁၈

 

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ( ၄၆/၂၀၂၂ ) ဖြင့် ၂၈-၁၀-၂၀၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

၂။    အဆိုပါဥပဒေအရ မှတ်ပုံတင်လျှောက်ထားမည့် ပြည်တွင်းအသင်းအဖွဲ့များနှင့် အစိုးရမဟုတ်သောနိုင်ငံတကာအသင်းအဖွဲ့များသည် ဥပဒေ ပုဒ်မ ၇() သို့မဟုတ် ပုဒ်မ ၁၇ (ဏ)နှင့်အညီ မိမိတို့အသင်းအဖွဲ့၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့်ဆက်စပ်သည့် အစိုးရ ဌာနအဖွဲ့အစည်း၏ ထောက်ခံချက် ရယူရမည်ဖြစ်ပါသည်။   

၃။    အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ အသီးသီးတွင် မှတ်ပုံတင်မည့် ရှေ့နေရှေ့ရပ်များ၊ ဥပ‌ဒေဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများ၊ ဥပ‌ဒေဆိုင်ရာဝန်ဆောင်မှု၊ အဆိုပါဝန်ဆောင်မှုနှင့်ဆက်စပ်လုပ်ငန်းဆိုင်ရာ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များဖြင့် ဖွဲ့စည်းသည့် အသင်း အဖွဲ့များသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ထောက်ခံချက်ရယူခြင်း၊ အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းများတွင် အဆင်ပြေချောမွေ့စေရေးအတွက် အောက်ပါတို့ကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပါသည်-

(က)    ဥပဒေပုဒ်မ ၇ သို့မဟုတ် ပုဒ်မ ၁၇ အရ သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြရမည့်အချက်များကို သက်ဆိုင်သည့် ပုံစံ (၁) သို့မဟုတ် ပုံစံ (၂) ဖြင့်လည်းကောင်း၊ ပူးတွဲတင်ပြရမည့် အသင်းအဖွဲ့၏ အမှုဆောင်အဖွဲ့ဖွဲ့စည်းပုံနှင့် အမည်စာရင်းအသင်းဝင်များစာရင်းကို ပုံစံ () ဖြင့်လည်းကောင်း ပြည့်စုံစွာ ဖြည့်စွက်၍ ထောက်ခံချက်လျှောက်ထားတောင်းခံရန်

(ခ)     ဥပဒေပုဒ်မ ၉ သို့မဟုတ် ပုဒ်မ ၁၉ အရ  ရရှိသည့် မှတ်ပုံတင်လက်မှတ်မိတ္တူ၊ ပုဒ်မ ၁၁ သို့မဟုတ် ပုဒ်မ ၂၀ အရ  မှတ်ပုံတင်ခြင်းကို ခွင့်မပြုကြောင်း ပြန်ကြားစာမိတ္တူ၊  ပုဒ်မ ၁၄ သို့မဟုတ် ပုဒ်မ ၂၂ အရ  ရရှိသည့် သက်တမ်းတိုးမှတ်ပုံတင်လက်မှတ်မိတ္တူ၊ ပုဒ်မ ၁၆ သို့မဟုတ် ပုဒ်မ ၂၃ အရ ရရှိသည့် သက်တမ်းတိုးခွင့်မပြုသည့် အကြောင်းကြားစာ၏ မိတ္တူစသည်တို့အားရရှိပြီး ၇ ရက်အတွင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသို့ ပေးပို့တင်ပြရန်

(ဂ)     အသင်းအဖွဲ့၏ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ယာယီရပ်ဆိုင်းခြင်း၊ မှတ်ပုံတင်လက်မှတ်အား ပယ်ဖျက်ခံရခြင်း၊ အသင်းအဖွဲ့အမည်ပြောင်းလဲခြင်း၊ အမှုဆောင်အဖွဲ့ပြောင်းလဲခြင်းများရှိပါက ၇ ရက်အတွင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးသို့ ပေးပို့တင်ပြရန်

(ဃ)    ဥပဒေပုဒ်မ ၂၈(ခ)အရ အသင်းအဖွဲ့၏ အမည်၊ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံတို့ကို အသင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်တို့ ဆောင်ရွက်ရာတွင်သာသုံးစွဲရန်၊ အသင်းအဖွဲ့ဝင်ဖြစ်သည့် ရှေ့နေရှေ့ရပ်များသည် တရားခွင်တွင် တရားရုံးချုပ်၏ ၁၀-၉-၂၀၀၄ ရက်စွဲပါ စာအမှတ်၊   ၅၄၁/ ၂၂-ရန (၂၀၀၄)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏      ၁၉-၅-၂၀၁၄ ရက်စွဲပါ စာအမှတ်၊ ၁၆၄၆/၂-၁၂ (စု-၁၇)/၂၀၁၄ ညွှန်ကြား ချက် တို့နှင့်အညီသာ ဝတ်စားဆင်ယင်ရန်၊

(င)     အသင်းအဖွဲ့များအတွက် အခါအားလျော်စွာထုတ်ပြန်သည့် လမ်းညွှန်ချက်များကို လိုက်နာရန်၊

၄။    အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းသည့် အသင်းအဖွဲ့၏ ထောက်ခံချက်တောင်းခံခြင်း၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်ခြင်းတို့အတွက် အောက်ပါလိပ်စာသို့ လူကိုယ်တိုင်/ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပါသည်-

 

                            

ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာန၊

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

ရုံးအမှတ် (၅၄)၊ နေပြည်တော်

 

ဖုန်း -  ၀၆၇ ၃၄၃၀၄၂၄၊ ၀၆၇ ၃၄၃၀၃၃၀

အီးမေးလ် -    LIDP@usc.gov.mm

 

လျှောက်လွှာပုံစံ