ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပေးပို့ရန် ကြေညာချက်

နေပြည်တော်၊ ဇန်နဝါရီ ၁၂

၁။ ကြီးကြပ်ရေးအာဏာပိုင်လက်အောက်ရှိ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ - ၃၊ ပုဒ်မခွဲ(င) အရ သတင်းပို့အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် ပါဝင်သည့် ရှေ့နေရှေ့ရပ်များနှင့် နိုတြီပဗ္ဗလစ်များအနေဖြင့် ယင်းဥပဒေပုဒ်မ - ၃(ဗ)(၄) ပါ လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့်စပ်လျဉ်း၍ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ သတင်းပို့ချက်များ ပေးပို့ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။ သတင်းပို့ချက်များကိုငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ သတ်မှတ်သတင်းပို့ ပုံစံဖြင့်သာ သတင်းပို့ပုံစံဖြည့်စွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို လေ့လာဖြည့်စွက်အသုံးပြု၍ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၏ E-mail လိပ်စာ၊ Viber နှင့် ဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ်ပေးပို့ရန်ဖြစ်ပါသည်။

၃။ သတင်းပို့ပုံစံနှင့် သတင်းပို့ပုံစံဖြည့်စွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်ကို တောင်းခံရယူခြင်း၊ သတင်းပို့ပုံစံနှင့် သတင်းပို့ပုံစံဖြည့်စွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ မရှင်းလင်းခြင်း၊ သတင်းပေး ပို့ချက်အား လက်ခံရရှိကြောင်း ပြန်ကြားချက် မရရှိခြင်းတို့အတွက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ ဖုန်းနံပါတ် 09408866899 သို့ ဆက်သွယ်မေးမြန်း ဆောင်ရွက်ရန်ဖြစ်ပါ သည်။

၄။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များ၊ သတင်းပို့ပုံစံများ၊ သတင်းပေးပို့ရန် နည်းလမ်းများ နှင့်ပတ်သက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၏ အင်တာနက်စာမျက်နှာဖြစ်သည့် www.mfiu.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

၅။ သို့ဖြစ်ပါ၍ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၏ ၁၈-၁၂-၂၀၁၉ ရက်စွဲပါ ကြေညာချက်၊ ၃၀-၉-၂၀၂၂ ရက်စွဲပါ ကြေညာချက်နှင့် ဤကြေညာချက်တို့နှင့်အညီ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန်နှင့် အောက်ဖော်ပြပါလိပ်စာများသို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် အသိပေးအပ်ပါသည်။

 

 

 

သတင်းပေးပို့ရန်နှင့် ဆက်သွယ်ရန်

FIU E-mail; reporting@myanmarfiu.com

MFIU Viber 09251155033

MFIU Phone  09408866899

ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း‌ရေးအဖွဲ့ရုံး၊ ကျွန်းရွှေမြိုင်လမ်း၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊

ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်

 

စုံစမ်းရန်နှင့် ဆက်သွယ်ရန်

ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန  E.mail; LIDP@usc.gov.mm

ဖုန်း ၀၉-၄၅၉ ၁၄၉ ၈၄၄

ရှေ့နေရှေ့ရပ်ဌာနခွဲကောင်တာ၊ ရုံးအမှတ် ၅၄၊  နေပြည်တော်

 

 

                                                                                                                         

ကြီးကြပ်ရေးအာဏာပိုင်

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး

                                                                                   ပြည်ထောင်စုတရားလွှတ်တော်ချုပ်