ရွေးချယ်ထားသော စာချွန်တော်လျှောက်ထားမှုအပြီးသတ်အမိန့်များ (၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်ထိ) စာအုပ်ဝယ်ယူရရှိနိုင်ကြောင်း ကြေညာခြင်း

နေပြည်တော်၊ ဒီဇင်ဘာ  ၂၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ဝေသည့် “ရွေးချယ်ထားသော စာချွန်တော်လျှောက်ထားမှု အပြီးသတ်အမိန့်များ (၂၀၁၁ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်ထိ)” စာအုပ်ကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် စတင်ဖွဲ့စည်းချိန်မှစ၍  ဆယ်စုနှစ်တစ်ခုကာလအတွင်း စီရင်ဆုံးဖြတ်ခဲ့သော စာချွန်တော်လျှောက်ထားမှုဆိုင်ရာ အပြီးသတ်အမိန့်များကို စိစစ်ရွေးချယ်၍ ပထမဆုံးအကြိမ် ထုတ်ဝေခြင်းဖြစ်ပြီး ဥပဒေဖြင့်အသက်မွေးဝမ်းကြောင်းပြုသူများသာမက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် စာချွန်တော်အမိန့်လျှောက်ထားတောင်းဆိုခြင်း၊ လျှောက်ထားတောင်းဆိုခံရခြင်းများပေါ်ပေါက်ပါက နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်နိုင်ကြစေရန်နှင့် အများပြည်သူ  ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိစေရန် ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါသည်။

          

ယခုထုတ်ဝေသည့်စာအုပ်တွင်  စာချွန်တော်ဆိုင်ရာ ရာဇဝတ်/တရားမအထွေထွေလျှောက်ထားမှုများအနက် စီရင်ထုံးပြုပြီးအမှုများကိုချန်လှပ်၍ ကျန်အမှုများမှ ၁၄၁ မှုကို စိစစ်ရွေးချယ်ပြီး စာချွန်တော်အမျိုးအစားအလိုက် ပြုစုထားခြင်းဖြစ်ပါသည်။ စာချွန်‌တော်လျှောက်ထားချက်အဖြစ် ဌာနဆိုင်ရာဝန်ထမ်းများအပေါ် အရေးယူမှုများ၊ အလုပ်ရှင်အလုပ်သမား ပြဿနာများ၊ လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုများ၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်း၊ ဂရန်ပယ်ဖျက်ခြင်းနှင့် အိမ်ရှင်အိမ်ငှားဆိုင်ရာကိစ္စရပ်များ၊ မြေပုံ၊ မြေရာဇဝင် လျှောက်ထားမှုများ၊  ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေဆိုင်ရာ ပြဿနာရပ်များ စသည်ဖြင့် ကဏ္ဍပေါင်းစုံပါဝင်ပါသည်။

          

ဝယ်ယူလိုပါက ပြည်‌ထောင်စုတရားလွှတ်‌တော်ချုပ်၊ စာချွန်တော်ဌာနနှင့် တရားရုံးအသီးသီးတွင် ၁ အုပ်လျှင် ၂၅၀၀ဝိ/- နှုန်းဖြင့် ဝယ်ယူရရှိနိုင်ပါကြောင်း အသိပေးအပ်ပါသည်။