အသိပေးကြေညာချက်

နေပြည်တော်၊ နိုဝင်ဘာ ၁၄

၁။      ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့အနေဖြင့် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် Public Feedback Programme (PFP) Web Portal ကို အသုံးပြု၍ တရားရုံးအသုံးပြုသူများ၏ လက်ကိုင်ဖုန်းများသို့ SMS များပေးပို့ကာ “တရားရုံးများ၏ ဝန်ဆောင်မှုများအပေါ် သဘောထားမှတ်ချက်များ ဖြေကြားပေးနိုင်ပါရန်” မေးခွန်းများမေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။       SMS ပေးပို့မေးမြန်းရာတွင် Short Code “1111” ကို အသုံးပြုသွားမည်ဖြစ်ပြီး လူကြီးမင်း၏လက်ကိုင်ဖုန်းသို့ “1111” ဖြင့် SMS ဝင်လာပါက ပြန်လည် ဖြေဆိုပေးခြင်းအားဖြင့် တရားရုံးဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

 

 

                                                               အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့

                                                                   ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး

Download