နေပြည်တော်၊ စက်တင်ဘာ ၃၀
ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ၁၄-၃-၂၀၂၂ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၂) ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာနအား ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များနှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ (ရှေ့နေရှေ့ရပ်များ) အပေါ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ သတ်မှတ်ချက်များအား လိုက်နာဆောင်ရွက်စေရေးအတွက် ကြီးကြပ်ရေးအာဏာပိုင်အဖြစ် တာဝန်ပေးအပ်ခဲ့ပါသည်။ ဗဟိုအဖွဲ့၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအတွက် ကြီးကြပ်စစ်ဆေးမှု ဆိုင်ရာလမ်းညွှန်ချက်နှင့်အညီ ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများလိုက်နာရန် ကြေညာချက်ကို ယနေ့ထုတ်ပြန်လိုက်သည်။
ကြေညာချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website: unionsupreme court.gov.mm တွင် ကြည့်ရှုနိုင်ပါသည်။
Download