နေပြည်တော်၊ စက်တင်ဘာ ၁
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရှေ့နေအလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေ (မင်နီ မှတ်ချက်) စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားသည့် တရားရေးဝန်ထမ်း (၈) ဦးနှင့် ဥပဒေအရာရှိ (၅) ဦး၊ အထက်တန်းရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုပါရန် လျှောက်ထားရာတွင် လျှောက်လွှာ ပြည့်စုံသူ (၁၅၇) ဦး၊ စုစုပေါင်း (၁၇၀) ဦးတို့သည် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေ ရှေ့ရပ်နှင့်စစ်ဆေးရေးဌာန၊ ရှေ့နေရှေ့ရပ်ဌာနခွဲ၏ အမှုလက်ခံဌာန (Intake Counter) တွင် ကြေညာသည့်နေ့မှစ၍ (၂) လအတွင်း အထက်တန်းရှေ့နေလိုင်စင်လာရောက် ထုတ်ယူနိုင်ကြောင်း ကြေညာအပ်ပါသည်။
Download