နေပြည်တော်၊ သြဂုတ် ၁
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၃၁-၇-၂၀၂၂ ရက်စွဲပါ ကြေညာ ချက်အမှတ် ၂/၂၀၂၂ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကို ခြောက်လသက်တမ်း တိုးမြှင့်ကြောင်းကို ကြေညာထားပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆(ခ)၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ)တို့တွင် နိုင်ငံတော် အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့် ဒေသတွင် စာချွန်တော် အမိန့်ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည် ဟု ပြဌာန်းထား ပါသည်။
သို့ဖြစ်ပါ၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၃၁-၇-၂၀၂၂ ရက်စွဲပါ ကြေညာ ချက်အမှတ် ၂/၂၀၂၂ ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကို ခြောက်လ သက်တမ်းတိုးမြှင့်ကြောင်း ကြေညာထားသည့် ကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၉၆(ခ)၊ စာချွန်တော် အမိန့်လျှောက်ထားမှုဆိုင်ရာဥပဒေပုဒ်မ ၃(ခ) ၊ ပြည်ထောင်စုတရား စီရင်ရေးဥပဒေပုဒ်မ ၁၆ (ခ) တို့အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထားချက်များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
Download