ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဥပဒေပညာပြန့်ပွားရေးအတွက် တရားရေးဂျာနယ်ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပြီး ဥပဒေဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများအတွက်သာမက အများပြည်သူ အသိပညာပေးရေးအတွက်ပါ ရည်ရွယ်၍ ကဏ္ဍစုံ၊ အကြောင်းအရာစုံ ဖေါ်ပြလျက်ရှိပါသည်။ ယခုအခါ တရားရေးဂျာနယ်အား စဉ်ဆက်မပြတ် ထုတ်ဝေနိုင်ရန်အတွက် စာမူများ စုဆောင်းလျက် ရှိရာ ဥပဒေပညာပြန့်ပွားရေးတွင် လူကြီးမင်း၏အသိပညာဗဟုသုတများကို မျှဝေသည့်အနေဖြင့် စာမူများပေးပို့ပါရန် ဖိတ်ခေါ်အပ်ပါသည်။
စာမူစည်းကမ်းချက်များ -
(၁) ဥပဒေပညာပြန့်ပွားရေးနှင့်သက်ဆိုင်သော ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ၊ ကာတွန်းများ ရေးသားပေးပို့နိုင်ပါသည်။ မြန်မာဘာသာ သို့မဟုတ် အင်္ဂလိပ်ဘာသာတို့ဖြင့် ရေးသားနိုင်ပါသည်။
(၂) အကြောင်းအရာအလိုက် ကွန်ပြူတာစာစီဖြင့် အများဆုံး A4 စာမျက်နှာ ၅ မျက်နှာ ထက်မပိုစေရပါ။ (Pyidaungsu Font Size-12, Line Spacing- 1)
(၃) မိမိကိုယ်တိုင်ရေးသားခြင်းဖြစ်ကြောင်း၊ မည်သည့်စာစောင်တွင်မှ ထည့်သွင်းဖေါ်ပြရ သေးခြင်း မရှိကြောင်း ဝန်ခံချက်ပါရှိရမည်။
(၄) စာမူတစ်ပုဒ်အတွက် မူရင်းစာမူနှင့်အတူ မိတ္တူတစ်စောင်ပူးတွဲပေးပို့ရန်ဖြစ်ပါသည်။
(၅) စာမူများအား စာတည်းအဖွဲ့ထံ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ ပေးပို့ရန်ဖြစ်ပြီး စာရေးသူ၏ နေရပ်လိပ်စာအပြည့်အစုံဖေါ်ပြပေး ရန်ဖြစ်ပါသည်။
(၄) ရွေးချယ်ခံရခြင်းမရှိသော စာမူများကို ပြန်လည်ရယူလိုပါက စာရေးသူကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ထုတ်ယူနိုင်ပါသည်။
(၅) ရွေးချယ်ခံရသည့်စာမူအတွက် စာမူခနှင့် ဂျာနယ်စာအုပ်(၁)အုပ်တို့ကို ချီးမြှင့်မည် ဖြစ်ပါသည်။
(၆) ပေးပို့ရမည့်လိပ်စာ -
အတွင်းရေးမှူး
တရားရေးဂျာနယ်စာတည်းအဖွဲ့
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
ရုံးအမှတ်(၅၄)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်
နေပြည်တော်
ဆက်သွယ်ရန်ဖုန်း - ၀၆၇ ၃၄၃၀၃၂၁ ၊ ၀၆၇ ၃၄၃၀၃၁၁
တရားရေးဂျာနယ်စာတည်းအဖွဲ့
Download