နေပြည်တော်၊ မတ် ၂၄
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၇၁၈ ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေကို သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေများ၊ နိုတြီပဗ္ဗလစ်များ၊ ဥပဒေဖြင့်အသက်မွေးဝမ်းကျောင်းပြုသူများက အချိန်နှင့်တစ်ပြေးညီဝင်ရောက်ကြည့်ရှု၍ လုပ်ထုံးလုပ်နည်းနှင့်အညီလိုက်နာဆောင်ရွက်ရန်နှင့် မိမိတို့၏ Website / Webpage/ Social media များတွင် (update) လွှင့်တင်ရန်ဖြစ်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ နှင့် ၁၇၁၈ အရ ထုတ်ပြန်ထားသည့် နောက်ဆုံးအခြေအနေအား ညွှန်းဆိုသည့် Link ကို ၂၀-၁၁-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇ အရ လူပုဂ္ဂိုလ် (၃) ဦး ထပ်မံထုတ်ပြန်မှုကို ၂၇-၁-၂၀၂၅ ရက်နေ့တွင်လည်းကောင်း၊ ၂၁-၂-၂၀၂၅ ရက်နေ့တွင် ပြင်သစ်နိုင်ငံသားတစ်ဦးအား ဖယ်ထုတ်ခဲ့မှုကို ၂၆-၂-၂၀၂၅ ရက်နေ့တွင်လည်းကောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website တွင် လွှင့်တင်ထားပြီးဖြစ်ပါသည်။
၁၂-၃-၂၀၂၅ ရက်နေ့တွင် လူပုဂ္ဂိုလ် (၁၂) ဦးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၂၆၇ စာရင်းတွင် ထည့်သွင်းထုတ်ပြန်ခဲ့သည့် Update စာရင်း pdf ဖိုင်နှင့် ဝင်ရောက်ကြည့်ရှုနိုင်သည့်
ttps://press.un.org/en/2025/sc16017.doc.htm?gl=1*123irx1*ga*MTI1MjMzMzk0Ni4xNzMxOTk2MjIx*gaTK9BQL5X7Z*MTc0MjYxNzQ5 My4xNy4xLjE3NDI2MTc4NDUu MC4wLjA. website link တို့ကို သိရှိဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာပါသည်။
ကြီးကြပ်ရေးအာဏာပိုင်