ရှေ့နေလိုင်စင်လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များဖော်ပြခြင်း

ရှေ့နေအလုပ်သင်၊ အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေလိုင်စင်များ လျှောက်ထားရာတွင် လိုအပ်သောအချက်များ၊ အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် မင်နီမှတ်ချက်ပြု အထက်တန်းရှေ့နေလိုင်စင် လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေများ၏ နှစ်လွန်သက်တမ်းတိုး လျှောက်ထားခြင်း၊ လိုက်ပါခွင့်ရအထက်တန်းရှေ့နေလိုင်စင်မှ မင်နီမှတ်ချက်ပြုလိုင်စင်သို့ လျှောက်ထားခြင်း၊ မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေလိုင်စင်မှ လိုက်ပါခွင့်ရလိုင်စင်သို့ လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများ၏ လိုင်စင်မိတ္တူ လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့်တရားလွှတ်တော်ရှေ့နေများ၏ လိုင်စင်များအား ပြန်လည်အပ်နှံခြင်း၊ တရားလွှတ်တော်ရှေ့နေလိုင်စင်ရရှိထားသည့် အငြိမ်းစားဝန်ထမ်းများက အမှုလိုက်ပါဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားခြင်း၊ အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေများ၏ အပ်နှံထားသောလိုင်စင်ကို ပြန်လည် ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားခြင်း စသည့်ကိစ္စများတွင် လိုအပ်သောအချက်များနှင့် လျှောက်လွှာပုံစံများကို သိရှိနိုင်ရန်နှင့် ၈-၈-၂၀၂၄ နေ့မှစ၍ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

၁။      ရှေ့နေအလုပ်သင်အဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့် လျှောက်လွှာများတွင် ပါဝင်ရမည့် အချက်များနှင့် လျှောက်လွှာပုံစံ

၂။      အထက်တန်းရှေ့နေအဖြစ်စာရင်းတင်သွင်းခွင့်ပြုရန်လျှောက်ထားသည့် လျှောက်လွှာများတွင် ပါဝင်ရမည့် အချက်များနှင့် လျှောက်လွှာပုံစံ

၃။      တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားသည့်လျှောက်လွှာများတွင် ပါဝင်ရမည့် အချက်များနှင့် လျှောက်လွှာပုံစံ

၄။      အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေလိုင်စင် လျှောက်ထားရာတွင် လိုအပ်သောအချက်များ

၅။      အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့် တာဝန်ခံလက်မှတ်များ  အသစ်လဲလှယ်ရန် / သက်တမ်းတိုး ခွင့်ပြုရန် သတ်မှတ်ကာလကျော်လွန်ပြီးမှ ‌လျှောက်ထားခြင်း

၆။      လိုက်ပါခွင့်ရလိုင်စင်မှ မင်နီမှတ်ချက်ပြု အထက်တန်းရှေ့နေလိုင်စင် လျှောက်ထာရာတွင် လိုအပ်သော အချက်များ

၇။      မင်နီမှတ်ချက်ပြုအထက်တန်းရှေ့နေလိုင်စင်မှ လိုက်ပါခွင့်ရလိုင်စင် လျှောက်ထားရာတွင် လိုအပ်သော အချက်များ

၈။      တရားလွှတ်တော်ရှေ့နေလိုင်စင် သို့မဟုတ် အထက်တန်းရှေ့နေလိုင်စင် မိတ္တူလျှောက်ထားရာတွင် လိုအပ်သောအချက်များ

၉။      တရားလွှတ်တော်ရှေ့နေ/အထက်တန်းရှေ့နေလိုင်စင် ပြန်လည်အပ်နှံခြင်း

၁၀။    အငြိမ်းစားဝန်ထမ်းများက တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခွင့်ပြုပါရန် လျှောက်ထားရာတွင် လိုအပ်သောအချက်များ

၁၁။    အပ်နှံထားသော တရားလွှတ်တော်/အထက်တန်းရှေ့နေလိုင်စင် ပြန်လည်ထုတ်ယူခွင့်ပြုပါရန် လျှောက်ထားရာတွင် လိုအပ်သောအချက်များ