ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိပြီး မြောက်ဘက်နှင့် အရှေ့ မြောက်ဘက် တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် အန်ဒါမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။
မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး သစ်တောဖုံး ဧရိယာမှာ ၃၄၄၂၃၇ စတုရန်း ကီလိုမီတာ၊ အသားတင် စိုက်ပျိုးမြေဧရိယာ ၁၄၇၇၂၈၀၃ ဟက်တာ၊ နှစ်သီးစား သုံးသီးစား အပါအဝင် စိုက်ပျိုးမြေဧရိယာ ၁၅၄၄၉၈၅၀ ဟက်တာ နှင့် ကမ်းရိုးတန်းအရှည် ၂၇၇၆ ကီလိုမီတာ ရှိပါသည်။