အဖွင့်နိဒါန်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် အရှေ့တောင် အာရှဒေသတွင် တည်ရှိပြီး ‌မြောက်ဘက်နှင့် အရှေ့ မြောက်ဘက် တွင် တရုတ်နိုင်ငံ၊ အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ တောင်ဘက် တွင် အန်ဒါမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိပါသည်။

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် ၆၇၆၅၇၈ စတုရန်းကီလိုမီတာ ရှိပြီး သစ်တောဖုံး ဧရိယာမှာ ၃၄၄၂၃၇ စတုရန်း ကီလိုမီတာ၊ အသားတင် စိုက်ပျိုးမြေဧရိယာ ၁၄၇၇၂၈၀၃ ဟက်တာ၊ နှစ်သီးစား သုံးသီးစား အပါအဝင် စိုက်ပျိုးမြေဧရိယာ ၁၅၄၄၉၈၅၀ ဟက်တာ နှင့် ကမ်းရိုးတန်းအရှည် ၂၇၇၆ ကီလိုမီတာ ရှိပါသည်။

more>

 

ဒုတိယမြို့နယ်တရားသူကြီးများ ကျမ်းသစ္စာပြုခြင်းနှင့် တာဝန်ပေးအပ်လွှာများအပ်နှင်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၁၅

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂၆)မှ သင်တန်းဆင်းပြီးမြောက်ခဲ့သူများ ကျမ်းသစ္စာပြုခြင်း၊ တာဝန်ပေးအပ်လွှာများ အပ်နှင်းခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၀၈း၃၀) အချိန်က ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြား ခဲ့ပါသည်။

Myanmar

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

ရန်ကုန် သြဂုတ် ၁၁

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၀၉း၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံး ၊ လေ့ကျင့်ဌာန၊  လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းဆွေ တက်ရောက်၍ အမှာစကား ပြောကြားပါသည်။

Myanmar

ဒက္ခိဏခရိုင်တရားရုံး (၈) ခန်းတွဲ (၃) ထပ် ဝန်ထမ်းအိမ်ယာ ရတနာပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၁၁

ဒက္ခိဏခရိုင်တရားရုံး (၈)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ယာ ရတနာပန္နက်တော်တင် တွင်းတော် ဝန်း မင်္ဂလာအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် (၀၈း၂၇) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏခရိုင်တရားရုံးအတွင်း အဆိုပါအဆောက်အဦ တည်ဆောက် မည့် မြေနေရာ မင်္ဂလာမဏ္ဍပ်၌ ကျင်းပရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

Myanmar

တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၁၀

တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ  ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂) တွင် ယနေ့နံနက် ၀၈း၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမြသိမ်းက အမှာစကားပြောကြားခဲ့ ပါသည်။

         

Myanmar

ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

နေပြည်တော် သြဂုတ် ၉

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ လေ့ကျင့်ဌာနနှင့် သတင်းအချက်အလက်နည်းပညာနှင့် ပြည်သူ့ဆက် ဆံရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ကွန်ပျူတာကျွမ်းကျင်မှုဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

Myanmar

(၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

နေပြည်တော် သြဂုတ် ၎

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် (၉း၀၀) နာရီက စတင်ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။

         

         

Myanmar

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် သြဂုတ် ၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

         

Myanmar

မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

Myanmar

ဂါရဝပြုတွေ့ဆုံ

နေပြည်တော် သြဂုတ် ၁

 မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်အား နိုင်ငံတကာစံနှုန်းဖြစ်သည့် Bangalore Principles ပါ အခြေခံမူများနှင့်အညီ ရေးဆွဲနိုင်ရေးအတွက် အထောက်အကူပေးခဲ့သော အပြည်ပြည် ဆိုင်ရာဥပဒေပညာရှင်များအဖွဲ့ ICJ မှ Justice Kalyan Shrestha နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP မှ Justice Murray Kellam တို့က ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးအား ယနေ့ နေ့လည် ၁၃း၀၀ နာရီအချိန် ပြည်ထောင်စုတရားသူကြီးချုပ်၏ ဧည့်ခန်းမသို့ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။

Myanmar

တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနား

နေပြည်တော် ဇူလိုင် ၂၇

  တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ၂ တွင် ယနေ့ နံနက် (၀၈း၃၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင် က အမှာစကား ပြောကြားခဲ့ပါသည်။

         

Myanmar

Pages

သတင်းများ

နေပြည်တော် စက်တင်ဘာ ၂၉

 မကွေးတက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဒေါက်တာဒေါ်ခင်ခင်ဌေး ဦးဆောင်သော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများပါဝင်သည့် လေ့လာရေးအဖွဲ့သည် ယနေ့ နံနက် (၁၀း၀၀) အချိန်တွင်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လာရောက်လေ့လာကြပါသည်။

        ...

Read More

နေပြည်တော် စက်တင်ဘာ ၂၈

တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် ၂ တွင် ယနေ့ နံနက် ၀၈း၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က အမှာစကားပြောကြား ခဲ့ပါသည်။

          ...

Read More

နေပြည်တော် စက်တင်ဘာ ၂၅

 မြို့နယ်အဆင့်တရားသူကြီးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉း၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံး ၊ လေ့ကျင့်ဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီးတရားလွှ...

Read More

Pages

Subscribe to The Supreme Court of the Union RSS