မြန်မာနိုင်ငံ ဥပဒေ၊ တရားရေးနှင့်သက်ဆိုင်သည့်ကဏ္ဍများ၏ စွမ်းရည်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ စီမံချက်အမှတ် (၂) ဆွေးနွေးပွဲမှတ်တမ်း လက်မှတ်ရေးထိုး

                       

                       

နေပြည်တော်  သြဂုတ် ၂၂   -   ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ မြန်မာနိုင်ငံ ဥပဒေ၊ တရားရေးနှင့် သက်ဆိုင်သည့် ကဏ္ဍများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်အမှတ် (၂) ဆွေးနွေးပွဲမှတ်တမ်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို သြဂုတ်လ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး စုဝေးခန်းမ၌ ကျင်းပသည်။

 

                        

 

     ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီနှင့် လက်မှတ်ရေးထိုးမည့် စီမံချက်အရ မြန်မာနိုင်ငံ ဥပဒေ၊ တရားရေးနှင့် သက်ဆိုင် သည့်ကဏ္ဍများ၏ စွမ်းရည် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာလာစေရန် အကောင် အထည်ဖော်ဆာင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဂျပန်- မြန်မာ နှစ်နိုင်ငံ အကြား ဥပဒေနှင့် တရားရုံးများ၏ စွမ်းရည်ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။

 

                        

 

   ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်သန်းနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (မြန်မာ) ၏ ဌာနေကိုယ်စားလှယ် Mr. Masahiko Tanaka  တို့က မြန်မာနိုင်ငံ ဥပဒေ၊ တရားရေးနှင့် သက်ဆိုင်သည့်ကဏ္ဍများ၏ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံချက်အမှတ် (၂) ဆွေးနွေးချက်မှတ်တမ်းကို လက်မှတ်ရေးထိုး ခဲ့ကြကြောင်း သတင်းရရှိသည်။

Myanmar

Category: