2nd Steering Committee Meeting အစည်းအဝေးပွဲ ကျင်းပခြင်း

နေပြည်တော် ဒီဇင်ဘာ ၁၃

 ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်နှင့် စပ်လျဉ်းသည့် ဒုတိယအကြိမ်ဦးဆောင်ကော်မတီ (2nd Steering Committee Meeting) အစည်းအဝေးကို ယနေ့ (၁၃-၁၂-၂၀၁၇) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         

 အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ သံအမတ်ကြီး H.E Mr. Peter Lysholt Hansen ဦးဆောင်သော အဖွဲ့ဝင် (၇) ဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက် ကြပါသည်။

 ဆွေးနွေးပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးကြပြီး ၊ ၂၀၁၈ ခုနှစ်အတွင်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Myanmar

Category: